Saturday, August 23, 2025
Home » တောင်ကုတ် ကမ်းဒေးရွာ ဗုံးကြဲခံရ၍ စာသင်ကျောင်းပျက်စီး

တောင်ကုတ် ကမ်းဒေးရွာ ဗုံးကြဲခံရ၍ စာသင်ကျောင်းပျက်စီး

1 3

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကမ်းဒေးကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့၍ စာသင်ကျောင်းပျက်စီးသွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီအချိန်က ဂျက်ဖိုက်တာ ၁ စီးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အရပ်သားထိခိုက်သေဆုံးမှု ရှိမရှိကို မသိရသေးသော်လည်း ကျေးရွာရှိ စာသင်ကျောင်းမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများနှင့် ဆေးရုံဆေးခန်း၊ စာသင်ကျောင်း စသဖြင့် အများပြည်သူအသုံးပြုရာ အဆောက်အဦးများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေသည်။

1 comment

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ