Tuesday, October 14, 2025
Home » AA က မရာတပ်ကို ခရစ်စ္စမတ်လက်ဆောင် နွားသုံးကောင်ပေး

AA က မရာတပ်ကို ခရစ်စ္စမတ်လက်ဆောင် နွားသုံးကောင်ပေး

0 2

မကြာကျရောက်တော့မည့် ခရစ်စ္စမတ်ပွဲတော်ကြီးကို မြန်မာနိုင်ငံက မရာလူမျိုးတို့သည် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိကြသည်။

မရာလူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC/MDF ကို အာရက္ခတပ်တော် AA က ခရစ်စ္စမတ် လက်ဆောင်အဖြစ် နွားသုံးကောင်း ပေးအပ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် AA ၏ တပ်မဟာ (၃) မှ ခရစ်စ္စမတ်ပွဲတော်မှာ MDF ရဲဘော်များ သုံးဆောင်နိုင်ရန် နွားအထီး နှစ်ကောင်နှင့် နွားမ တစ်ကောင်အား လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF ကလည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် အမြော်အမြင်ကြီးမြင့်ပြီး မဟာမိတ်ထပ်ပိုသော စိတ်ရင်းမေတ္တာဖြင့် နွားသုံးကောင်းအား လက်ဆောင်ပေးအပ်သည့် အာရက္ခတပ်တော် AA အား အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားထားသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ