Friday, June 5, 2026
Home » လွှတ်တော်ဖျက်သိမ်းရေး ကောလာဟလများကို ထိုင်း၀န်ကြီးချုပ် ပယ်ချ

လွှတ်တော်ဖျက်သိမ်းရေး ကောလာဟလများကို ထိုင်း၀န်ကြီးချုပ် ပယ်ချ

1 43

ထိုင်းနိုင်ငံ အောက်လွှတ်တော်ကို ဖျက်သိမ်းရန် ထွက်ပေါ်နေသော ကောလာဟလ သတင်းများကို ထိုင်းဝန်ကြီးချုပ် ပယ်ထုန်တန် (Paetongtarn Shinawatra) က ပယ်ချလိုက်ပြီး ထိုသို့ ကောလာဟလများ ပျံ့နှံ့လာသည်ကို သူမ အံ့ဩမိကြောင်း ပြောသည်။

ထိုကဲ့သို့ ကောလာဟလ သတင်းထွက်ပေါ်လာခြင်းမှာ ချင်းမိုင်ခရိုင် ရွေးကောက်ပွဲတွင် Pheu Thai ပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်ရာမှာ ကူညီရင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က ဝန်ကြီးချုပ်၏ ဖခင် သက်ဆင်ပြောစကားက စတင်ခဲ့သည်ဟု သိရသည်။

“ဒီကိစ္စကို ဘယ်သူကမှ အစိုးရ မှာ မတင်ပြဘူး။ ဒီအကြံအစည်က ဘယ်လိုဖြစ်လာတာလဲဆိုတာ ဘယ်သူကမှ နားမလည်ဘူး” ဟု ထိုင်းဝန်ကြီးချုပ် ပယ်ထုန်တန်က သတင်းထောက်များက ပြောသည်။

လက်ရှိဝန်ကြီးချုပ် ပယ်ထုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် က ချင်းမိုင်ပွဲတွင် ပါလီမန်ကို ဖျက်သိမ်းရန်ပြောဆိုမှုသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ကြောင်း ၎င်း၏ ထောက်ခံသူပရိသတ်များကို ပြောကြားခဲ့သည်။

သို့သော်လည်း လွှတ်တော်ဖျက်သိမ်းရန် အကြံအစည်ကို မည်သူက ပထမဦးစွာ တီထွင်ပြောဆိုခဲ့သည်ကိုမူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထုတ်ဖော်မပြောခဲ့ပေ။

လက်ရှိ ထိုင်းနိုင်ငံ၏ ညွန့်ပေါင်းအစိုးရတွင် မည်သည့်ပါတီမှ အောက်လွှတ်တော်ကို ဖျက်သိမ်းရန် မလိုလားကြောင်း သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး Manaporn Charoensri က ပြောကြားသည်။

“ပြည်သူတွေက ကျနော်တို့ကို တိုင်းပြည်အတွက် အစွမ်းကုန် လုပ်ဆောင်ဖို့ ရွေးချယ်တင်မြှောက်ထားပြီး အဲဒါက ကျနော်တို့ လုပ်ရမယ့်ဟာပါ။ ငါတို့ရဲ့ လေးနှစ်သက်တမ်းရဲ့ (ကျန်) ကို ထမ်းဆောင်သွားမှာပါ” ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ကကျင်းပမည့် လွှတ်တော်အစည်းအဝေးကို တက်ရောက်ပြီး အတိုက်အခံများ၏ မေးခွန်းများကို ဖြေကြားရန် အစီအစဉ် ရှိ၊ မရှိ မစ္စ Paetongtarn ကို သတင်းထောက်များက မေးမြန်းခဲ့သည်။

သူမက ရိုးရိုးရှင်းရှင်း ပြုံးပြီး “Merry Christmas” ဟု သတင်းထောက်များ၏အမေးကို ပြန်ဖြေကြားခဲ့သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ