Saturday, August 23, 2025
Home » ရမ်းဗြဲ ကျောက်နီမော်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိ

ရမ်းဗြဲ ကျောက်နီမော်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိ

0 2

အာဏာသိမ်း စစ်ကောင်စီက အရပ်သားများနေထိုင်ကြသော ရခိုင်ပြည် ကျောက်နီမော်ကျေးရွာကို လေကြောင်းက ယမန်နေ့ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင် အပြစ်မဲ့အရပ်သားပြည်သူ ၄၀ ကျော်သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ ကနဦး သိရသည်။

လူနေအိမ် ၅၀၀ ခန့်မှာလည်း မီးလောင်ပျက်စီးသွားပြီး ထိခိုက်သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးပိုင်းများ ပါဝင်ကြောင်း သိရသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ