Tuesday, August 26, 2025
Home » စ်ကောင်စီ ထိန်ချုပ်ထားသော စစ်တွေက အငြိမ်စားများကို တစ်ဦးလျှင် ဆန် ၃ ပြည် ထောက်ပံ့

စ်ကောင်စီ ထိန်ချုပ်ထားသော စစ်တွေက အငြိမ်စားများကို တစ်ဦးလျှင် ဆန် ၃ ပြည် ထောက်ပံ့

0 3

အာဏာသိမ်း စစ်ကောင်စီသည် ထိန်းချုပ်ထားသော ရခိုင်ပြည် စစ်တွေမြို့ပေါ်က အမှုထမ်း အငြိမ်းစားများအတွက် ဇန်နဝါရီလ ပင်စင်ငွေနှင့်အတူ လူတစ်ဦးလျှင် ဆန် ၃ ပြည် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမမှာ အငြိမ်းစားများကို ဆန် ၃ ပြည်နှင့်အတူ ခေါက်ဆွဲခြောက်၊ ကွေကာအုပ်ထုတ်များ ကူညီပံ့ပိုးခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

၎င်းတို့ခန့်ထားသော ရခိုင်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့မှ လာရောက်ကြည့်ရှုပြီး ကျန်းမာရေးဆိုင်ရာ ကုသပေးခြင်းများကိုလည်း စစ်ဆေးခဲ့ကြောင်း ဦးလှသိန်းက ပြောသည်။

“ဆေးစစ်ခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်းများကို အထူးကုဆရာဝန်များနဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်၊ ပြည်နယ်အစိုးရအဖွဲ့က တစ်းဦးလျှင် ဆန် (၃)ပြည်၊ ခေါက်ဆွဲခြောက်၊ ကွေကာအုပ်ထုပ်များ ကူညီပေးခဲ့ပါတယ်” ဟု ဆိုသည်။

ပြည်သူ့အကျိုးဖြစ်သည့် နိုင်ငံအကျိုးထမ်းရွက်ခဲ့သော အငြိမ်းစားများအတွက် ပြည်နယ်စစ်ကောင်စီ၏ ထောက်ပံ့ပေးမှုအပေါ် မုဒိတာပွားနိုင်ကြပါစေကြောင်း ဦးလှသိန်းက ပြောဆိုထားသည်။

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ