Wednesday, October 15, 2025
Home » ဒေါ်နယ်ထရမ့်ပ်၏ လူမှုကွန်ရက်များကို ပိတ်ခဲ့သည့် Meta ကုမ္ပဏီ ဒေါ်လာ ၂၅ သန်း ပေးဆောင်ရမည်

ဒေါ်နယ်ထရမ့်ပ်၏ လူမှုကွန်ရက်များကို ပိတ်ခဲ့သည့် Meta ကုမ္ပဏီ ဒေါ်လာ ၂၅ သန်း ပေးဆောင်ရမည်

0 5


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လူမှုကွန်ရက်အကောင့်များကို ပိတ်ပင်ခဲ့သည့် ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပိုင်ရှင် Meta ကုမ္ပဏီက ဒေါ်လာ ၂၅ သန်း ပေးလျော်ရမည်ဟု Wall Street Journal က ဖော်ပြသည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်အဆောက်အဦး ဆူပူသောင်းကျန်းမှုအပြီး Meta ကုမ္ပဏီက Facebook နှင့် Instagram တို့တွင် ဒေါ်နယ်ထရမ့်၏ အကောင့်စာမျက်နှာများကို ပိတ်ပင်ခဲ့သည်။

ထိုပိတ်ပင်ခြင်းနှင့် ပတ်သက်၍ Meta ကုမ္ပဏီ နှင့် ဒေါ်နယ်ထရမ့်ပ်တို့၏ ကျေအေးမှု သဘောတူညီချက်အရ Meta က သမ္မတ ဒေါ်နယ်ထရမ့်အား ဒေါ်လာ ၂၅ သန်း ပေးဆောင်ရခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ ၂၅ သန်းထဲက ၂၂ သန်းခန့်ကို သမ္မတ စာကြည့်တိုက်အတွက် အသုံးပြုသွားမည်ဟု ပြောဆိုထားပြီး ကျန်ငွေကြေးများကို တရားရေးစရိတ်များနှင့် ယင်းအမှုတွင် ပါဝင်သည့် အခြားအမှုလိုက်များအတွက် သုံးစွဲမည်ဟု ဆိုသည်။

Meta ကုမ္ပဏီသည် ဒေါ်နယ်ထရမ့်၏ အကောင့်ကို ၂၀၂၁ ခုနှစ်တွင် ပိတ်ပင်ခဲ့ကာ အနည်းဆုံး ၂ နှစ်ကြာ ပိတ်ပင်မည်ဟု ထုတ်ပြန်ခဲ့သည်။

အမေရိကန်၏ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် မခ်ဇူကာဘတ်မှာ ဖလော်ရီဒါမှာရှိသည့် ထရမ့်ပ်၏ နေထိုင်ရာအပန်းဖြေစခန်းကို သွားရောက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သွားရောက်ခဲ့ခြင်းသည် ထရမ့်နှင့် ဇူကာဘတ်တို့ကြား ဆက်ဆံရေး ပြေလည်စေရေးအတွက် အထောက်အကူဖြစ်ကြောင်း သိရသည်။

Meta ကုမ္ပဏီ၏ CEO မာ့ခ်ဇူကာဘတ်သည် ဒေါ်နယ်ထရမ့် ယခု သမ္မတအဖြစ် ကျမ်းသစ္စာကျန်ဆိုပွဲသို့ တက်ရောက်လာခဲ့ပြီး ဒေါ်လာ တစ်သန်းကို လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

ဒေါ်နယ်ထရမ့် အကောင့်များကို ပိတ်ပင်ခဲ့ခြင်းနှင့် ပတ်သက်၍ Meta ကုမ္ပဏီက နောင်တရခြင်းမရှိသလို မှားယွင်းမှုအတွက်လည်း ဝန်ခံခြင်းမရှိကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ