Wednesday, August 27, 2025
Home » ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း လူပေါင်း ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရ

ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း လူပေါင်း ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရ

1 4

ရန်ကုန်တိုင်း ဒေသကြီး ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လူပေါင်း ၂၃၃ ဦးကို ဖမ်းဆီး ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ Rangoon Scout Network (RSN) က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်မှ အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၉၆ ခုကို သိရှိခဲ့ရပြီး ၎င်းတို့အနက် ၂၆ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ် အခု ၇၀ ကိုသာ အတည်ပြုထားကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီက ကနဦးဖမ်းဆီးခံရမှုတွင် စုစုပေါင်း ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်လာခဲ့ကာ ၈ ဦးကိုမူ ပြန်မလွှတ်ပေးတော့ကြောင်း အတည်ပြု သိရသည်။

“လမ်းမပေါ် တွေ့ရာ လိုက်ဆွဲလို့ ပါသွားသူ ဦးရေမှာ ၁၀၆ ဦး ရှိတယ်။ ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၆၃ ဦး၊ သတင်းအတိ အကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦး၊ ဖမ်းဆီးတဲ့ ပုံစံ မသိရဘဲ ချုပ်နှောင်ခံထားရသူ ၅ ဦး ရှိခဲ့တယ်”ဟု Rangoon Scout Network (RSN) က ပြောသည်။

စစ်ရေးလှုပ်ရှားသူများ၊ သပိတ်လှုပ်ရှားသူများဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူ လူငယ် ၃ ဦး ရှိခဲ့ပြီးအဆိုတော် လင်းလင်း၏ ရောင်နီသီချင်း လမ်းဘေးတွင် တီးခတ်နေခြင်းကို အားပေးအားမြောက်လုပ်၍ ဟုဆိုကာ ၅ ဦး ဖမ်းဆီးခံရသည်။

Rangoon Scout Network (RSN) က ထုတ်ပြန်ချက်တွင် စစ်မှုထမ်းအတွက် သန်လျင် ရေတပ်သင်္ဘောပေါ် ဖမ်းဆီးထားရာမှ ၂ ဦး ခုန်ချထွက်ပြေးခဲ့သော်လည်း ပြန်လည်ဖမ်းမိသွားသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ တပ်မှ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၀ စတင်ခဲ့ပြီး အဓမ္မစုဆောင်းထားသူ လူ ၅၀၀ ကျော်ကို တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်ရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့သည်။

1 comment

Leave a Comment

နောက်ဆုံး သတင်းများရယူလိုက်ပါ