Thursday, August 28, 2025
Home » စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး ၁၁၀ ကျော် သေဆုံး

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး ၁၁၀ ကျော် သေဆုံး

2 2

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု များကြောင့် ၂၀၂၅ နှစ်လအတွင်း အမျိုးသမီး ၁၁၈ ဦး သေဆုံးသွားကြောင်း AAPP က ပြောသည်။

မြန်မာပြည်တွင်း အခြေအနေနှင့် ပတ်သက်ပြီး ယမန်နေ့ မတ်လ ၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

သေဆုံးခဲ့ရသည့် အမျိုးသမီး ၁၁၈ ဦးထဲတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၇ ဦး ပါဝင်ပြီး ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားခြင်းဖြစ်သည်။

ယင်း သေဆုံးသူများအနက် စစ်ကိုင်းတိုင်းက ၂၆ ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်က ၂၄ ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၁၈ ဦးတွင် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် ၉၂ ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး ၂၁ ဦးမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့သည်ဟု AAPP က ဆိုသည်။

ထိုအပြင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရသည့် ၂၈၅၇၂ ရှိပြီး ယင်းအထဲတွင် ၂၁၉၇၅ ဦး ထိန်းသိမ်းထားကြောင်းနှင့် အဆိုပါ ထိန်းသိမ်းခံနေရသူများထဲမှ ၁၀၅၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ