Thursday, April 23, 2026
Home » လားရှိုးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့၊ အရပ်သား ၃ ဦးသေဆုံး

လားရှိုးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့၊ အရပ်သား ၃ ဦးသေဆုံး

0 40

ရှမ်း မြောက်ဒေသ လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်နားထားချိန် ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး သမိုင်းတွင် ထားဝရ အရှက်ရစေမည့် အပြုအမူဖြစ်ကြောင်း MNDAA က ဆိုသည်။

လားရှိုးမြို့ကို ဩဂုတ်လကုန်ကစ၍ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ လေကြောင်းက ဗုံးကြဲမှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးကာ ၃၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထံမှ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးချိန် ပြည်သူများမှာ မြို့ထဲသို့ ပြန်လည်ဝင်ရောက် နေထိုင်ကာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည်စတင်နေချိန် စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့မဈေးမှာ ထက်ဝက်နီးပါး ပျက်စီးသွားပြီး ပြည်သူပိုင်အဆောက်အဦးများ၊ ရုံးအဆောက်အဦးများနှင့် အများပြည်သူဆိုင်ရာ အဆောက်အဦး များစွာပျက်စီးခဲ့ရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ