Saturday, April 18, 2026
Home » စစ်ကောင်စီ တောင်သုံးလုံးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

စစ်ကောင်စီ တောင်သုံးလုံးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

0 35

ကရင်ပြည်နယ် ဒွယ်လိုးမြို့နယ်က အာဏာသိမ်း စစ်ကောင်စီ၏ တောင်သုံးလုံး စစ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒီဇင်ဘာလ ၁၁ ရက်နေ့က သိမ်းပိုက်လိုက်ပြီဟု BPLA ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ တောင်သုံးလုံးစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းသည် KNU တပ်မဟာ(၅)နယ်မြေတွင်ရှိသော စစ်စခန်းဖြစ်ပြီး အဆိုပါစခန်းမှ ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ