Sunday, April 19, 2026
Home » ငဖဲမြို့နယ်မှာ စစ်ကောင်စီ စခန်းကုန်းကို CDF Asho တပ်က တိုက်ခိုက်(စစ်ကောင်စီတပ်ဖွဲ့ဝင်းများ ထွက်ပြေးသွား၍ စခန်းကုန်အား ထိန်းချုပ်)

ငဖဲမြို့နယ်မှာ စစ်ကောင်စီ စခန်းကုန်းကို CDF Asho တပ်က တိုက်ခိုက်(စစ်ကောင်စီတပ်ဖွဲ့ဝင်းများ ထွက်ပြေးသွား၍ စခန်းကုန်အား ထိန်းချုပ်)

0 45

မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းမြို့အနောက်က စစ်ကောင်စီ စခန်းကုန်းကို ချင်းကာကွယ်ရေးတပ် – အရှို CDF Asho တပ်က ဖေဖော်ဝါရီလ ၉ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းကုန်အား ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝ စစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်မှာ တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကုန်းကို CDF Asho တပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခန်းကုန်းကို အနီးကပ်နေရာယူပြီး တိုက်ခိုက်ရာမှာ ရန်သူ စကစ တပ်သားတွေဟာ ပြန်လည်ပစ်ခတ်တာရှိပေမယ့် စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်” ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ စခန်းကုန်းအား စွန့်ခွာထွက်ပြေးသွားစဉ်မှာ စခန်းကုန်းက အဆောင်များကို မီးရှို့ဖျက်ဆီးသွားကြသည်ဟု သိရသည်။

ယင်းအပြင် ပျဉ်းဝ စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားများမှာလည်း ပဒါန်းမြို့အနီးသို့ အသီးသီး ဆုတ်ခွာသွားကြသည်ဟု CDF Asho တပ်က ထုတ်ပြန်သည်။

“တိုက်ပွဲအပြီး တစ်ရက်ခန့်အကြာမှာ ဘုရားတောင်ပေါ်ရှိ စခန်းကုန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီစခန်းကုန်းအနီးရှိ အရှိုချင်းတွေ နေထိုင်တဲ့ ဂုတ်ဝနဲ့ ရေနွယ်က အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသွားတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် အရှိုချင်းရွာသား အရေအတွက်ကို CDF Asho တပ်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ချင်းကာကွယ်ရေးတပ် – အရှိုသည် ရခိုင်နှင့် မကွေးတိုင်းကြားရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

အာရက္ခတပ်တော် AA က အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲတွင်လည်း CDF Asho တပ်သည် ပူးပေါင်းပါဝင် တိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ