Monday, April 20, 2026
Home » Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်း ချိုးဖောက်မှုဖြင့် အီးယူက အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်

Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်း ချိုးဖောက်မှုဖြင့် အီးယူက အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်

0 38

အမေရိကန် စီးပွားရေးလုပ်ငန်းစု Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်းချိုးဖောက်မှုဖြင့် ဥရောပသမဂ္ဂ EU က အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်ခဲ့ကြောင်း အဲလ်ဂျာဇီးယား သတင်းဌာန ကဖော်ပြသည်။

မက်တာ (Meta)၏ အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှု ပလက်ဖောင်း Facebook Marketplace သည် ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့မှုကြောင့် ယူရိုငွေ ၇၉၇ဒသမ ၇၂ သန်း (အမေရိကုန် ဒေါ်လာ ၈၄၆သန်း) ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။

Facebook Marketplace သည် လူမှုကွန်ရက် ကိုအသုံးချပြီး ဈေးကွက်ကို မညီမျှမှုဖြစ်မှုအပြင် အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းရောင်းချသူတွေကြား မတရားသဖြင့် ကုန်သွယ်မှုဖြစ်စေမှုကြောင့် ယင်းကဲ့သို့ အမိန့်ချခြင်း ဖြစ်ကြောင်း EU တာဝန်ရှိသူများက ဆိုသည်။

“Facebook ရဲ့ Marketplace ဟာ Facebook သုံးစွဲတဲ့သူတိုင်းရဲ့ စာမျက်နှာတွေမှာ အလိုအလျောက် ပေါ်နေတာပါ။ သုံးစွဲသူတွေ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ သူတို့ရဲ့ ကြော်ညာကိုထိုင်ကြည့်နေရတယ်၊ ထိတွေ့နေရတယ် ” ဟု ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည် ကိုတွေ့ရသည်။

EU ကော်မရှင်၏ စစ်ဆေးမှုများ အရ မက်တာ၏ Facebook Marketplace သည် ဥရောပစီးပွားရေးဒေသ (EEA) တခုလုံးနှင့် လူမှုမီဒီယာပေါ်က အွန်လိုင်းကြေညာဈေးကွက်၊ ရောင်းဝယ်ရေးဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးထားသောကြောင့် EU ၏ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းပုဒ်မ ၁၀၂ ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မက်တာ ကုမ္ပဏီ ဘက်ကမူ Facebook Marketplace သည် သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးချခြင်း မရှိကြောင်း ပြန်လည်ဖြေရှင်းထားပြီး ဒဏ်ငွေ အတွက်လည်း အယူခံဝင်သွားမည် ဆိုသည်။

EU တာဝန်ရှိသူများ ဘက်ကမူ မက်တာ၏ စျေးကွက်ဆွဲဆောင်မှု၊ Facebook Marketplace ၏ လည်ပတ်ပုံနှင့် ကုမ္ပဏီရဲ့ဝင်ငွေများကို တွက်ချက်ပြီး ဒဏ်ငွေချမှတ်ခြင်း ဖြစ်ဖြစ်ဆိုသည်။

Meta ကုမ္ပဏီ၏ ပြီးခဲ့တဲ့နှစ်က စုစုပေါင်းဝင်ငွေသည် ယူရို ၁၂၅ ဘီလီယံ (ဒေါ်လာ ၁၃၃ ဘီလီယံ) ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။

EU ကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် မက်တာအနေဖြင့် တစ်ကိုယ်ရေ လူမှုရေးကွန်ရက်များ ဈေးကွက် အသာစီးရနေခြင်းကို အသုံးချပြီး EU ၏ ယှဉ်ပြိုင်မှုစည်းမျှဉ်းများကို အလွဲသုံးစားမလုပ်ရန် သတိပေးထားသည်။

ကိုးကား – အဲလ် ဂျာဇီးယား

နောက်ဆုံး သတင်းများရယူလိုက်ပါ