Monday, April 20, 2026
Home » စစ်ကောင်စီကို ဖယ်ပြီး အာဆီယံအစည်းအဝေး NUG တက်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့တောင်းဆို

စစ်ကောင်စီကို ဖယ်ပြီး အာဆီယံအစည်းအဝေး NUG တက်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့တောင်းဆို

0 32

အာဏာသိမ်း စစ်ကောင်စီကို ဖယ်ထုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်နိုင်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့က တောင်းဆိုလိုက်ကြသည်။

မြန်မာ့အရေးတွင် စစ်ကောင်စီကို ဖယ်ချန်ထားရန် အာဆီယံအဖွဲ့ကို မြန်မာအရပ်ဘက်အဖွဲ့ ၂၀၃ ခုက ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနား ပြုလုပ်ကြမည်ဖြစ်သည်။

ထိုအစည်းအဝေးသို့ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုရန်နှင့် မြန်မာပြည်သူများအား ကိုယ်စားပြုသော NUG အစိုးရအဖွဲ့ကို တက်ရောက်ခွင့်ပြုရန် တောင်းဆိုနေကြသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအား တရားဥပဒေနှင့် မလျော်ညီစွာ အာဏာသိမ်းထားခြင်းနှင့် ပြည်သူလူထုအပေါ် ဆိုးဝါးစွာ အကြမ်းဖက်မှုများကို နေ့စဉ်ကျူးလွန်နေကြောင်း အရပ်ဘက်အဖွဲ့ ၂၀၃ ခုက ပြောသည်။

အာဆီယံ ဥက္ကဌအဖြစ် လာအိုနိုင်ငံ တာဝန်ယူစဉ်က အာဏာသိမ်း စစ်ကောင်စီအား အစည်းအဝေးသို့ တက်ရောက်ခွင့်ပြုခဲ့သည့်အတွက် အလွန်စိုးရိမ်နေသည်။

လာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီအား အသိအမှတ်ပြု အစည်းအဝေးသို့ ဆက်လက် တက်ရောက်ခွင့်ပြုမည်ဆိုပါက နောက်ဖေးဝင်ပေါက်ဟု သတ်မှတ်ရမည်ဟု အရက်ဘက်အဖွဲ့များက ပြောသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း စစ်ကောင်စီက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကို တုန့်ပြန်သည့်အနေဖြင့် မြန်မာပြည်သူအတွက် ကိုယ်စားပြုခွင့်မပေးရန် အဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုနေကြခြင်းဖြစ်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ