Wednesday, April 22, 2026
Home » ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

0 29

(အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဖယ်ရှားခြင်းဖြစ်)

ထိုင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရသည်။

တရားရုံးအရာရှိတစ်ဦးကို လဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ဖူးသော Pichit Chuenban ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေချိုးဖောက်သည်ဟုဆိုကာ အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရသည့်အတွက် ၎င်းဖွဲ့စည်းထားသော အစိုးရ အဖွဲ့လည်း ပျက်ပြယ်သွားပြီး ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်တွင် ထပ်မံ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

နောက်ဆုံး သတင်းများရယူလိုက်ပါ