Wednesday, July 1, 2026
Home » သံတွဲနှင့် ငပလီမှာ အမျိုးသမီး၊ သက်ကြီးရွယ်အို အပါအဝင် လူ ၃၃ ဦး ပျောက်ဆုံးနေ

သံတွဲနှင့် ငပလီမှာ အမျိုးသမီး၊ သက်ကြီးရွယ်အို အပါအဝင် လူ ၃၃ ဦး ပျောက်ဆုံးနေ

1 39

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် သံတွဲမြို့နယ်မှာ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၃၃ ဦး မိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ပျောက်ဆုံးနေသူများမှာ ရက် ၂၀ ခန့်ကြာ ပျောက်နေသူများ ရှိသလို ၇ ရက်၊ တစ်လကျော်ကြာ စသဖြင့်ရှိပြီး အများစုမှာ ၁၅ ရက်ထက်ကျော်လွန်ပြီး ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။

သံတွဲမြို့ ပညာရေးရုံးခြံဝန်းမှာ နေထိုင်သည့် ပညာရေးဝန်ထမ်း သားမိနှစ်ဦး ဇူလိုင်လ ၁၂ ရက်နေ့က နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီးနောက် ယနေ့အချိန်အထိ အဆက်အသွယ် မရသေးကြောင်း သမီးဖြစ်သူက ပြောသည်။

” အမေက ဒေါ်ခင်ထွေး အသက် ၇၀၊ အငယ်ကောင်က ဝေဖြိုးအောင် အသက် ၂၇ ပညာရေးရုံးက ဝန်ထမ်းတွေပါ။ အမေက အသက်ကြီးတော့ မြို့က ရှောင်မလို့ပါပဲ။ သေနတ်သံတွေ ကြေက်လို့ အပြင်မထွက်ရဲတာနဲ့ ရုံးမှာပဲ နေကြတာ။ ဇူလိုင် ၁၂ ရက်နေ့က အဆက်အသွယ် ရပါသေးတယ်။ နောက်နေ့ကစပြီး ဒီနေ့အထိ လုံးဝမရတော့ဘူး။ အရမ်းစိတ်ပူလို့ပါရှင့် ဆက်သွယ်လို့ရရင် ကူညီပေးကြပါ။ ” ဟု ပြောသည်။

အမှတ် ၆ ရပ်ကွက် ဗောဓိကုန်း ကန်ဘက်လမ်းနှင့် ပတ္တမြားလမ်းက အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်ရီ (ခေါ်) ဒေါ်စိန်နီနှင့် အသက် ၇၈ နှစ်အရွယ် ဦးမြင့်ရွှေတို့ ဇနီးမောင်နှံလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ငပလီမြို့ လင်းသာရပ်ကွက်က ဦးချစ်ဆွေနှင့် ဒေါ်လှသန်း ဇနီးမောင်နှံတို့ကို အဆက်အသွယ်ပြတ်နေသည်မှာ ၁၅ ရက်ခန့် ကြာမြင့်နေပြီဟု မိသားစုဝင်တစ်ဦးက ပြောသည်။

” အဆက်အသွယ်မရ ၁၅ ရက်လောက်ရှိပါပြီ။ ပျောက်တာတော့ မဟုတ်ပါဘူး။ အဆက်အသွယ်မရတာပါ။ အမေနဲ့ အဖေက အိမ်မှာ ရှိကြပါတယ်။ အဆက်အသွယ်ပြန်လိုချင်တာပါ။ လက်ရှိက သူတို့ ဘာတွေ ဖြစ်သွားပြီလဲ မသိဘူး။ စိုးရိမ်လို့ပါ။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA က ငပလီမြို့၊ ငပလီကမ်းခြေအပါအဝင် သံတွဲမြို့ပေါ်အထိပါ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်ကစပြီး သံတွဲမြို့ပေါ်နှင့် ငပလီမြို့ထဲက ပိတ်မိနေသူများကို AA က ကယ်ထုတ်ပေးနေကြောင်းနှင့် ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ပေးနေကြောင်းလည်း သိရသည်။

ယခု ပျောက်ဆုံးနေသူ ၃၃ ဦးမှာ AA ကယ်ထုတ်ပေးသည့် စာရင်းထဲ ပါသွား၊ မပါသွားကို Western News မှ အတည်ပြု၍ မရသေးကြောင်းနှင့် AA ပြောခွင့်ရ ဦးခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်သည်။

သံတွဲဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်သွားသည်မှာ ရက် ၁၀ ရက်ကျော်ကြာမြင့်နေပြီး နေရာကွက်ကျားသာ ဖုန်းလိုင်းရကြောင်း သိရသည်။

ယခု ပျောက်ဆုံးနေသူ ၃၃ ဦးမှာ လေးဝတီသတင်းဌာန လူပျောက်ကြော်ငြာမှ ပြုစုထားသော စာရင်းဖြစ်ပြီး မြေပြင်တွင် ယခုစာရင်းထက် အများအပြားရှိနိုင်ပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရ၍ ပျောက်ဆုံးစာရင်းဝင် ရာနှင့်ချီရှိနိုင်ကြောင်းလည်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

သံတွဲနှင့် ငပလီက ပျောက်ဆုံးနေသူများမှာ –

■ ဒေါ်ခင်ထွေး

ကိုဝေဖြိုးအောင် (သားမိနှစ်ဦး)

သံတွဲမြို့ အမှတ် ၆ ရပ်ကွက်

■ ကိုထွန်း

ကိုနောင် (ညီအစ်ကိုနှစ်ဦး)

သံတွဲမြို့၊ မဃလမ်း

(တွေ့ရှိက 09 682007101 ဆက်ရန်)

■ ဒေါ်သန်းသန်းဦး

ကိုမျိုးမင်းသူ အပါအဝင် မိသားစုဝင် (၆) ဦး

သံတွဲမြို့၊ ဆေးရုံပိုင်း (ကျုံးဝင်းပိုင်းမှာ စစ်ရှောင်နေရင်းပျောက်ဆုံး)

■ ကိုနိုင်လင်းထွန်း (ခ) ချစ်စမ်းမောင်

သံတွဲမြို့၊ ဗောဓိကုန်း အမှတ် ၆ ရပ်ကွက်

■ ဦးမြင့်ရွှေ

ဒေါ်ခင်ရီ (ဇနီးမောင်နှံ)

သံတွဲမြို့၊ ဗောဓိကုန်း အမှတ် ၆ ရပ်ကွက်

■ ဦးချစ်ဆွေ

ဒေါ်လှသန်း (ဇနီးမောင်နှံ)

ငပလီမြို့၊ လင်းသာရပ်ကွက်

(တွေ့ရှိက 09264448950 ဆက်ရန်)

■ ဦးမောင်ဖြူ

ဒေါ်ဝင်းကြည်

သံတွဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ မာလာမြိုင်လမ်း

(တွေ့ရှိက 09685866629 ဆက်ရန်)

■ ဦးသန်းထွေး (ခ) ဦးကုလား

ငပလီမြို့၊ ဝါးတောင်ကွင်းရွာ

(တွေ့ရှိက 09669101037 ဆက်ရန်)

■ ဒေါ်အဘွဲလာ

မမေဦးလွင်

မောင်ကောင်းဆက်ပိုင် (မိသားစုဝင် သုံးဦး)

သံတွဲမြို့၊ ရွှေဆံတော်ဘုရားလမ်း

(တွေ့ရှိက 09976852729 ဆက်ရန်)

■ ဦးအုန်းရွှေ

မောင်လေးကြီး (သားဖနှစ်ဦး)

သံတွဲမြို့

(တွေ့ရှိက 09686764628 ဆက်ရန်)

■ ဒေါ်တင်တင်ချို

သံတွဲမြို့၊ ဘုရင့်နောင်လမ်း

(တွေ့ရှိက 09664797678 ဆက်ရန်)

■ ဦးစိုးဝင်း

ဒေါ်တင်တင်နု

သံတွဲမြို့၊ အမှတ် ၄ ရပ်ကွက်

■ မနွယ်စိုး

ငပလီမြို့၊ လင်းသာရပ်ကွက်

(တွေ့ရှိက 09429612610 ဆက်ရန်)

■ မဒေါင်းမေ (ခ) မကြီး

ကိုညီညီ

မသုသု

သံတွဲမြို့ (တွေ့ရှိက 09444403199 ဆက်ရန်)

■ ဦးတင်မင်းလွင်

ဒေါ်မေရီလေး

သံတွဲမြို့၊ အမှတ် ၆ ရပ်ကွက်

(တွေ့ရှိက 09 662184108 ဆက်ရန်)

နောက်ဆုံး သတင်းများရယူလိုက်ပါ